top of page

အချစ်ကိုဦးစားပေးခဲ့သူ (တီးခတ်နည်း+စာသား+Noteစာရွက်)

Updated: Sep 28, 2022



တေးရေး - စိုးခမ်းလိတ်

တေးဆို - စိုင်းထီးဆိုင်


V1 - ဟိုတုန်းက မတွေ့မိရင် ကိုယ်တို့ဇါတ်လမ်းလေးဟာလေ တမျိုးဖြစ်ခဲ့မယ်

ဘယ်လောက်ပဲ ချစ်လဲကွယ် ဒီလိုချိန်မှ တွေ့မယ်ဆိုရင် မပြတ်သားနိုင်တယ်

Cho1 - ပြန်စဉ်းစားတိုင်း ကံကိုသာလေ ကြည်နူးခြင်း တဝက်နဲ့အတူ အံ့ဪမိတယ်

ငယ်ရွယ်သူမို့ အချစ်ဖက်ကိုအလေးသာပေးလိမ့်မယ် သူသိသလိုပဲ

V2 - လူ တဦးတိုင်း တယောက်တိုင်းမှာ တချိန်ချိန်တော့အချစ်ဆိုတာ ရှိခဲ့ကြတယ်

လူ သားတို့ပေါင်းမိရင် ဘာရယ်ကြောင့်အားနဲသူကို မုန်းတတ်တာလဲ

Cho2 - ဒီပြောင်းလဲခြင်းနဲ့ ရင်ဆိုင်ရာမှာ ဟိုတုန်းကကြောက်စိတ်တွေ မရှိခဲ့ဘူးကွယ် ငယ်ရွယ်သူအတွက် အချစ်တခုသာကိုးကွယ်အားထားရာ ထင်မှတ်သူမယ်

( Solo)

V3 - ကိုယ်လျှောက်ခဲ့တဲံလမ်းဟာ လိုအင်ဟူသမျှပြည့်စုံတယ် မရှိသလောက်ပဲကွယ် မျှော်လင့်ချက်နဲ့ နှိုင်းရင် ကြုံဆုံနေသမျှအဖြစ်တွေဟာ ကောင်းလွန်းပြန်တယ်

Cho3 - ရည်မှန်းချက်အတွက် ကြင်နာသူကို တကယ်စွန့်တဲ့ သူရဲကောင်းတွေ ရှိခဲ့လဲကွယ် ငယ်ရွယ်သူမို့အချစ်ဖက်ကို အလေးသာပေးခဲ့တာ အမှန်ဆုံးပါပဲ


( Lyrics များကို ကျွန်တော့ဘာသာ နားထောင်ပြီး စာစီထားတာဖြစ်သည့်အတွက် အနည်းငယ် လွဲမှားခဲ့ရင် ဖြည့်စွတ် ဖတ်ပေးကြပါလို့ မေတ္တာရပ်ခံပါရစေခင်ဗျ)


ree

Comments


bottom of page